http://www.scribd.com/doc/83236453/Searching-for-a-New-World
Searching for a New World
Wednesday, February 29, 2012
Tuesday, February 28, 2012
ရာဇ၀င်ထဲမှာ သခွားသီးတွေကို ထားရစ်ခဲ့
http://www.scribd.com/doc/83129426/The-Historic-Cucumbers
မြန်မာသစ် မဂ္ဂဇင်း နဲ့ စင်္ကာပူထုတ် သဇင် မဂ္ဂဇင်းတို့မှာ ဖေါ်ပြခဲ့ပါတယ်။
The Historic Cucumbers

Monday, February 27, 2012
အသံမဲ့တေး
http://www.scribd.com/doc/83028956/Songless-Bird
ဆွေမျိုး ကွာလတီ မဂ္ဂဇင်းတွေ မှာ မရေးဘူး ကြွေးကြော် ရပ်တည်ကြတဲ့ ကဗျာဆရာသူငယ်ချင်းတွေအတွက်
ဒီကဗျာကို ရေးခဲ့တယ်။
Songless Bird

ပူစီ မီမီ ညောင်ညောင် ဝေါင်. . .
မဟေသီ မှာ ပထမဆုံး လက်တည့်စမ်းရေးခဲ့တဲ့ ဘာသာပြန်ဝတ္ထုတိုလေးပါ။
http://www.scribd.com/doc/83000412/Meow
Meow
http://www.scribd.com/doc/83000412/Meow
Meow
စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ သို့ အိတ်ဖွင့်ပေးစာ
မီးတွေပျက် လူမရှိတဲ့ နေပြည်တော်ကျ ထိန်ထိန်ညီး ခဲ့ကာလမှာ ရေးခဲ့တဲ့ ပေးစာ ပုံသဏ္ဍန်ဆောင်းပါးပါ။
ပေါ်ပြူလာ ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။ ထုံးစံအတိုင်း ရေနံမြေမှာ မီးမရှိတဲ့အကြောင်းတွေနဲ့ နိဂုံးချုပ် စာပိုဒ်
တွေ အဖြုတ်ခံခဲ့ရပါတယ်။
http://www.scribd.com/doc/82963654/A-Letter-to-Ko-Wunna
A Letter to Ko Wunna

Sunday, February 26, 2012
ဒီကလပ် သို့မဟုတ် အလင်းရောင်တံခါးကို ဖွင့်ပေးတဲ့သူ
အန်တီစု လွတ်လွတ်ချင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးပေါ့ဗျာ။ တပုဒ်လုံး ဖြုတ်ပါတယ်။ စာပေစိစစ်ရေးက တာဝန်ရှိ ပုဂ္ဂိုလ်များ ဒီဆောင်းပါး ကို ဘာလို့ ဖြုတ်တာလဲ ဆိုတဲ့ အကြောင်းပြချက် သိချင်မိတယ်။
ဒီရေချိန်တွေဟာ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို တကယ်လိုလား၊ မလိုလား ပြနေတဲ့ ရေချိန်တွေပါ။
http://www.scribd.com/doc/82890087/When-Mandella-is-Free-PDF
When Mandella is Free PDF
ကာလကတ္တား က မာသာထရီဆာ ဒီမိုကရေစီအစိုးရ နှင့် လူမှုရေးလုပ်ငန်း
( ဒီဆောင်းပါးကို မဖြူဖြူသင်း တို့ အိပ်ခ်ျအိုင်ဗီရောဂါသည်တွေ ကုသမှုကို ဧည့်စာရင်းတွေ ချမပေး၊ အမျိုးမျိုးနှောင့်ယှက်မှု တွေ ရင်ဆိုင်ရတဲ့အချိန်မှာ ရေးခဲ့တာပါ။ စိစစ်ရေးက တပုဒ်လုံး ဖေါ်ပြခွင့် မပြုခဲ့ဘူး)
www.scribd.com/doc/82874542/Democracy-and-Social-Works
Democracy n Social Works
ပြည်သူ့ကြားမှာ အမှန်ရှာ
၂၀၁၀ ရွေးကောက်ပွဲပြီးပြီးချင်း လွတ်လာခဲ့တဲ့ဆောင်းပါးပါ။ မူလ “ပြည်သူ ဘာလို့ မုန်းတာလဲ” ခေါင်းစဉ်
ကို ပြောင်းခိုင်းတဲ့အတွက် ဒီခေါင်းစဉ်ဖြစ်သွားပါတယ်။
http://www.scribd.com/doc/82873601/Why-People-Hate Why People Hate
Saturday, February 25, 2012
တစ်ရံရောအခါ ဂင်္ဂါ
ကျနော့်ရဲ့ “တစ်ရံရောအခါ. . .ဂင်္ဂါ.” ကို ဖတ်ချင်တယ် ဆိုရင်. . .
http://www.scribd.com/doc/69622509/Once-Upon-a-Time-in-Gange
My poems reading in Shambough House, IWP.
Cho Tu Zaw
Editor : Jessie
Gaynor
A moment of a river
After grandpa, father persisted
after father, I persisted
and after me, so will my son.
Our blood flows more fiercely than water,
and the most insistent river is history.

Why I write, what I write and how I write (IWP panel writing)
Cho
Tu ZAW
Why
I Write, What I Write, and How I Write
The
most difficult question for a writer is “why I write.” I never have an answer
for this question, so I chose this panel to answer it for myself.
Last year, I watched a Hollywood movie called August Rush, in which the main
character, a little boy who is a genius musician, is asked by a girl, a
talented pianist: “Do you like music?” “More than food,” he answers. I’ll never
forget that scene.
More than food – yes! It’s the same for all
artists: creating, playing, writing, everything – all our works are our staple
food. Sometimes we need our writing more than food. If you ask me why, I don't
know, but I write. I did, I do, and I will go on doing so. Because writing, for
me, is more than food.
Friday, February 24, 2012
ဇာတ်ပေါင်းသော်
By Cho Tu Zal · Thursday, February 2, 2012
ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို သေချာတပုဒ်ချင်း ပြန်ဖတ်ကြည့်ကြစေချင်တယ်။ ဘုရား

အလောင်းဟာ သုမေဓါရသေ့ဘ၀ကနေ ဆုကြီးပန်ပြီး သံသရာမှာ ဘ၀အမျိုးမျိုး၊ သတ္တ၀ါ
အထွေထွေဖြစ်ခဲ့ရတယ်။ ဖြစ်လေရာဘ၀မှာ သူ့အမျိုးသားတွေရဲ့လွတ်မြောက်မှု
မှုအတွက် ကိုယ်ကျိုးမဖက်ပဲ စွန့်ခဲ့တဲ့ သူရဲကောင်းချည်းပဲ ဖြစ်ခဲ့တယ်။
အဲဒီကာလ ဘုရားအလောင်းကို ချီးမြှောက်ခဲ့တဲ့၊ အားပေးခဲ့တဲ့ ပရိတ်သတ်တွေဟာ၊
ဘုရားပွင့်လာတဲ့အခါမှာလည်း ဘုရားစစ်ဘုရားမှန်၊ တရားစစ်တရားမှန်ကို ဖူးရတွေ့ရ၊
နာရကြားရ၊ ကျွတ်ရလွတ်ရတဲ့ အဝေနေယျပရိတ်သတ်ဖြစ်လာတယ်။ အဲဒီကာလတလျှောက်
ဆန့်ကျင်ခဲ့၊ တိုက်ခိုက်ခဲ့၊ ရန်သတ္တရုပြုခဲ့ကြတဲ့ သူတွေကလည်း နောင်တချိန်ဒေ၀ဒတ်ရဲ့
တပည့်တွေ၊ မာရ်နတ်ရဲ့ဂိုဏ်းသားတွေချည်းပဲ ဖြစ်ကုန်ကြရပါတယ်။

ကျနော့်လမ်း
.နိုင်ငံရေးသမား ဆိုတာ အရမ်းကို “စမတ်” ကျရတယ်။
အစစ အရာရာ ကိုယ်ကျင့်သိက္ခာရှိဖို့လိုသလို၊ ရိုးဖြောင့်ဖို့ကလည်း လိုတယ် လို့မြင်မိတယ်။
ရှက်ရှက်နဲ့ ၀န်ခံရရင် ကျနော်ဖြင့် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားဖြစ်ဖို့
စမတ်ကျတယ်၊ အရည်အချင်းမီတယ် မထင်မိပါဘူးဗျာ။ နိုင်ငံရေးလုပ်ပြီး ထောင်ကထွက်လာပြီးတဲ့အချိန်
မှာ ကိုယ့်ကိုယ်ကိုယ် ပျော်လားလို့မေးကြည့်တော့ နိုင်ငံရေး လုပ်ရတာ စောင့်ထိန်းရတာ
မပျော်ဘူး။ ရန်ဖြစ်ရတာ မပျော်ဘူး။ အမြဲတမ်း အနေအထိုင်ဆင်ခြင်နေရတာ မပျော်ဘူး။
မလွတ်လပ်ဘူးလို့ ခံစားရတယ်။ ကိုယ်က ခံစားချက်အတိုင်းပဲ နေချင်တာ။
. .ပီကာဆိုဘ၀ ငါလေ ရလိုက်ချင်ရဲ့ . .
ဝါရင်ဘီတီ လိုလည်း ဖြစ်ချင်ခဲ့. . . .
ကိုထွေး(၀င်းမင်းထွေး) ရဲ့ ဂျစ်ပဆီမိုးတိမ် ကို ကျနော်သိပ်ကြိုက်ပေါ့။
ပြည်ထောင်စု သင်္ချိုင်း
by Cho Tu Zal on Friday, February 3, 2012 at 5:41pm
င့ါသဘောသာဆို
ကေအိုင်အေရဲဘော်လေးတယောက်ရဲ့ ရုပ်ကလပ်ကို
ကျဆုံးသွားလေတဲ့အညာသားတပ်မတော်အရာရှိလေးတယောက်ရဲ့
ဂူသင်္ချိုင်းနဲ့ ယှဉ်ပြီး မြှုပ်မယ်

Thursday, February 23, 2012
ကာလီဒါသ ၏ စာရင်း
ကာလီဒါသ ၏ စာရင်း
“ကာလီဒါသ ငါ၏တိုင်းပြည်ဝယ် အကောင်းနှင့် အကန်း မည်သည်က ပိုများသနည်း” ဆိုတော့
အကန်းက ပိုများပါတယ်ဘုရားလို့ ဖြေပါသတဲ့။ ဒါနဲ့ မင်းတရားကြီးက သူတိုင်းပြည်ကို အကန်းပြည် လို့ ပြောတဲ့ ကာလီဒါသကို ရွှေမျက်တော် ရှပြီး မနက်ဖြန် နင်ကိုယ်တိုင် စာရင်းကောက် လို့ မိန့်တော်မူလိုက်တယ်။
နန်းတော်တွင်း ရှိရှိသမျှ မှူးတွေ မတ်တွေက ကာလီဒါသ ကို ကွက်ကြည့်ကွက်ကြည့်ပေမယ့်၊ ကာလီဒါသကတော့အေးအေးပါ တဲ့။ နောက်နေ့ ရေချိုးဆိပ်မှာ စားပွဲခုံလေးတလုံး ပေရွက်လေးတရွက်၊ ကညစ်လေးတချောင်းနဲ့ထိုင်နေပါတယ်။ ဘုရင်ကြီးကိုယ်တိုင် ရေချိုးဆိပ်ဆင်းလာတော့ (သူမေးခဲ့တာလည်း သူမေ့နေပြီထင်ပါရဲ့) “ဟဲ့ကာလီဒါသ ဘာလုပ်နေလဲ ” သွားမေးစမ်း ဆိုပြီး မင်းချင်း တယောက်ကို စေပါတယ်၊

အမေရိကန်တွေ ဆီက ရသမျှ - ၇
အမေရိကန်တွေ ဆီက ရသမျှ - ၇
အမေရိကား ကို သူငယ်ချင်းတယောက် ကတော့ ဒီလိုမြင်ပါတယ်။
အမေရိကားဆိုတာ Land of Freedom ပါ။
အမေရိကား ကို ဘယ်သူပိုင်သလဲ ဆိုတဲ့ မေးခွန်းကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ အမေရိကန်တွေပိုင်သပေါ့တဲ့။
အမေရိကန်တွေ ဆိုတာ ဘယ်သူတွေလဲ လို့မေးရင်Everyone may be, everyone can be. . .ပါတဲ့။ ဒီမှာ အားလုံးတန်းတူညီမျှချည်းပဲ။
အမေရိကန်တွေ ဆီက ရသမျှ - ၆
အမေရိကန်တွေ ဆီက ရသမျှ - ၆
အမေရိကား ကို ရောက်ရှိနေထိုင်သူတွေဟာ ပုံသဏ္ဍန်အမျိုးမျိုး အလွှာအမျိုးမျိုးကွဲပါတယ်။ ပညာတတ်တာ၊ မတတ်တာ ရောက်တာ ကြာတာ၊စောတာ နဲ့ မဆိုင်ပါဘူး။ အဆင်ပြေတဲ့သူက မိုးပေါ်က ချပေးလိုက်သလို၊ နတ်ရေကန်ထဲ ဆင်းလိုက်သလို အဆင်ပြေသွားတဲ့ သူတွေ ရှိကြပြီးအဆင်မပြေတဲ့သူတွေကလည်း ရေသောက်တာတောင် သွားကြားညပ်တယ် လို့ ပြောနေကြရတဲ့ အခြေအနေပါ။ ကျနော့်ဝေါလ်ပေါ်မှာ တင်ပေးထားတဲ့ အမေရိကန်ပညာရေးအကြောင်းကို ရေးနေတဲ့ ကိုအေးကျော်ဇံရဲ့ စာတွေ၊ ဘ၀ကို ပင်ပင်ပန်းပန်းဖြတ်သန်းလာခဲ့တဲ့ ကိုမန်းကြိုင်ထွန်းရဲ့ စာတွေ ကိုလည်း ဖတ်ဖြစ်ကြရင် သိလောက်မှာပါ။ ကျနော်ရေးနေတာတွေဟာ ကျနော်တွေ့ခဲ့၊ မြင်ခဲ့ရသမျှ အားလုံးအပေါ်မှာ ခြုံငုံပြီးရေးနေတာ။
အမေရိကန်တွေ ဆီက ရသမျှ - ၅
အမေရိကန်တွေဆီက ရသမျှ - ၅
အမေရိကန်တွေဆီက ရသမျှကို စဉ်ဆက်ရေးလာလိုက်တာ၊ ကြားထဲမှာ တက်လာသမျှသတင်းတွေအပေါ်အမြင်တွေရေး၊ လိုအပ်ရင် ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆန့်ကျင်တယ်ထင်ရင်၊ ငြိမ်းချမ်းရေးအတွက် ဆန့်ကျင်တယ်ထင်ရင် အဲဒီသတင်းကိုအခြေခံရင်းဝေဖန်ချက်တွေရေးရင်း ၄ နဲ့ ၅ ကြား ခြားသွားပါတယ်။
အမေရိကန်တွေ ဆီက ရသမျှ - ၎
အမေရိကန်တွေ ဆီက ရသမျှ-၎
Land of Opportunity ဆိုတာ. . .
အမေရိကန်ဒရင်းမ် ဆိုတာ လူတိုင်းကြားဖူးတဲ့ စကားလုံးပါ။ တကယ်လည်း ကျနော်တို့မြန်မာ
တွေအပါအ၀င် တကမ္ဘာလုံးမှာ ရှိတဲ့ တတိယကမ္ဘာနိုင်ငံသားတွေဟာ အမေရိကားကို ၀င်ခွင့်
ရဖို့၊ အမေရိကန်ဖြစ်ခွင့်ရဖို့ အိပ်မက်တွေမက်ကြတယ်။ အမေရိကန်အိပ်မက် ထဲမှာ လူတိုင်း
ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျဖန်တီးနိုင်ခွင့် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ တထွေး
ကြီးကို ရလာလိမ့်မယ်လို့မျှော်လင့်ကြတယ်။ တကယ်တန်းလက်တွေ့သူတို့ရနေတဲ့ဘ၀ဟာ
သူတို့အိပ်မက်တွေနဲ့ တခြားစီဖြစ်နေတာတွေလည်း ရှိတယ်။ အိပ်မက်နဲ့ လက်တွေ့တထပ်
တည်း ကျတဲ့သူဆိုတာ အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်။ ဒီအတွက် လုံးဝကြီး မဟုတ်
ဘူးလား ဆိုတော့ မဟုတ်ပြန်ပါဘူး။
အမေရိကန်တွေဆီက ရသမျှ - ၃
အမေရိကန်တွေဆီက ရသမျှ(၃)
မှန်သလား၊ မှားသလား ဆိုတာ. . .
အကြွေးယူစနစ်ကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကြိုတင်ဖြည့်ဆည်းပေးနိုင်တယ်၊ ဒါကို
ကျနော်လည်း သဘောကျနှစ်ချိုက်လက်ခံပါတယ်။ တချိန်တည်းမှာ အဲဒီအကြွေးယူစနစ်ကပဲ အ
ရမ်းကို မြင့်မားတဲ့အတိုးနှုန်းတွေနဲ့ မြီရှင်ကြီးတွေက
လူများစုနိုင်ငံသားတွေပေါ်မှာ အသွေးအသား အဆီတွေကိုစုပ်ယူနေတယ်
လို့မြင်ပါတယ်။ ကွန်မင့်တွေထဲမှာ တချို့က ကျနော့်ကို
ဘယ်စနစ်နဲ့ယှဉ်ပြီးပြောနေတာလဲ လို့မေးခွန်းထုတ်ပါတယ်။ ကျနော် ဘယ်စနစ်နဲ့မှ
ယှဉ်ပြီးပြောနေတာမဟုတ်ပါဘူး။ ဒီအမေရိကန်စနစ်ကိုပဲ သေချာပိုင်းခြားစိတ်ဖြာဝေဖန်သုံးသပ်
ပြနေတာပါ။ ကျနော်တို့ဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းထူထောင်တော့မယ့် တိုင်းပြည်ဖြစ်ပါတယ်။
ဒီအခါမှာ အဲဒီစနစ်ကို တည်ဆောက်တဲ့အခါမှာ အပေါ်ယံမြင်ရတဲ့
အခွံကိုသာမကြည့်ပဲ၊ အတွင်းကျကျ လေ့လာဆန်းစစ် သုံးသပ်ကြစေ့ချင်ပါတယ်။
အမေရိကန်တွေဆီက ရသမျှ - ၂
အမေရိကန်တွေ ဆီက ရသမျှ. . . .(၂)
BAD CREDIT, NO CREDIT, NO PROBLEM.
အမေရိကန်တွေဟာ အကြွေးစနစ်နဲ့လည်ပတ်နေတယ် လို့ ကျနော်ရေးခဲ့တယ်။ ဒီတော့
ကျနော့်မိတ်ဆွေ အမေရိကန်မြန်မာမိတ်ဆွေများက(တချို့ကလည်း
အလောင်းအလျာတွေပေါ့) အကြွေးရတာ၊ အကြွေးယူခွင့်ရတာ ဂုဏ်ယူစရာလို့
ပြန်ပြီးကွန်မင့်ရေးကြပါတယ်။ ဒီတိုင်းပြည်ရဲ့
အဓိက အားသာချက်က အဲဒါပါပဲ။ လူတွေဟာ နေ့စဉ်ဘ၀အလုပ်တွေကို လုပ်ကြတယ်။ အဲဒီလို
ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြတဲ့ အကျိုးကျေးဇူးကို ချက်ခြင်းခံစားခွင့်ရအောင် အစိုးရက ကြား
ဝင်အာမခံပြီး ဆောင်ကြဉ်းပေးထားတယ်။
အမေရိကန်တွေ ဆီက ရသမျှ - ၁
အမေရိကားနဲ့ ဆက်ဆံရေးအသစ်ထူထောင်လိုက်ပြီ၊ တံခါးတွေဖွင့်လို့
အမေရိကန်တွေဆီကဘာတွေရမလဲ လို့ ကျနော်တို့
မျှော်လင့်ခြင်းကြီးစွာနဲ့ပေါင်းသင်းဆက်ဆံကြတဲ့အခါ သတိလေးတခုကပ်ဖို့လိုတယ်။
အမေရိကားမှာ ပြီးပြည့်စုံတဲ့ စနစ်မရှိသေးဘူး ဆိုတာပါ။
Wednesday, February 22, 2012
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့
ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . .
မေတ္တာတော် တောင်းခံပါတယ်
ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ
မေတ္တာတော်ကို ဖြန့်ဝေပါတယ်။
နာကျင်မှုတွေနဲ့
နာကြည်းစွာ ကျခဲ့ကြတဲ့
မျက်ရည်များကို
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။
မေတ္တာတော် တောင်းခံပါတယ်
ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ
မေတ္တာတော်ကို ဖြန့်ဝေပါတယ်။
နာကျင်မှုတွေနဲ့
နာကြည်းစွာ ကျခဲ့ကြတဲ့
မျက်ရည်များကို
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။
အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၅
ဟက်ပီး အန်းဒင်း
တကယ်တော့ နောက်တပတ်မှာ ဘလက်ခ်လစ်စ်အတွက် ဘုတ်အစည်းအဝေး ရှိမယ် မရှိဘူး ဘယ်သူမှ သေချာတပ်အပ်မပြောနိုင်ပါဘူး။
ဒုဝန်ကြီး အလုပ်များရင်များသလို ဒီကိစ္စအထမမြောက်နိုင်တာမို့ ကိုဇော်ဝင်းလည်း အကြံအိုက်နေဟန်တူပါတယ်။ ဘုတ်အဖွဲ့အစည်းအဝေး
ပြီးသွားတဲ့အခါမှာ ပတ်စ်ပို့စာအုပ်က ချက်ခြင်းထွက်လာမှာမဟုတ်သလို၊ ကြားထဲမှာလား၊ အစည်းအဝေးပြီးမှလားမသိ၊ နယ်မြေခံ ရဲအရာရှိ
က အိမ်လာပြီးစစ်ဆေးတာ စသဖြင့် လုပ်ငန်းအဆင့်ဆင့်ကလည်း ရှိပါသေးတယ်။ ဒီတော့ ဒါတွေအားလုံး ကျနော်သွားမယ့်အချိန်ကိုက် ရ
လာဖို့ဆိုတာ မသေချာလှပါဘူး။ဒါတွေကို ကိုဇော်ဝင်းလည်း စဉ်းစားမိပြီး အကြံအိုက်ပူပန်နေပုံရပါတယ်။ သူ့ကိစ္စမဟုတ်ပဲ၊ ဝေမျှပူပန်ပေးတတ်တဲ့ စာနာစိတ်က အတော်လေးစားစရာကောင်းပါတယ်။
နောက်နေ့မှာ ကိုဇော်ဝင်းက ကျနော့်စာရွက်အထပ်ကြီးထဲ က တချို့စာရွက်တွေကို ပြန်ဖြုတ်၊ တချို့စာအသစ်တွေရေးခိုင်းပြီး
“ကျနော် ဂျီစီလမ်းကြောင်းနဲ့သွားမယ် စိတ်ကူးတယ်ဗျာ.ဆရာက အစည်းအဝေးတက်ရမှာဆိုတော့ အရေးကြီးတယ် ” ဆိုပြီး တခြားဌာနတခုကို လမ်းညွှန်လိုက်ပါတယ်။
အဲဒီ ဌာနထဲမှာ ကျနော့်စာရွက်စာတမ်းတွေကို ပေးလိုက်တဲ့အခါမှာတော့ အထဲက ရဲအရာရှိတချို့ ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ လာလာကြည့်ကြတာလဲ သတိထားမိလိုက်ပါတယ်။ နောက်မကြာခင်မှာ ရဲအရာရှိငယ်တဦးက ကျနော့်စာရွက်တွေပြန်ပေးပြီး
“ ဒါရိုက်တာချိုတူးဇော် မလား” လို့မေးလိုက်တယ်။

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၎
လက်တကမ်းအလို. . .
နောက်နေ့ ချိန်းတဲ့ရက်ရောက်တော့ ဇွဲလုံလ-၀ိရီယထက်သန်စွာနဲ့ ကျနော် ကိုဇော်ဝင်းရှိရာလာခဲ့တော့ စားပွဲခုံမှာ အရှင်းသားအလင်းသားသာတွေ့ရပါတယ်။ ကိုဇော်ဝင်းတယောက်မရှိပါဘူး။ ဒီလိုနဲ့ သူ့ကိုတွေ့ချင်လို့စောင့်နေကြတဲ့ လူတွေသာ တဖြည်းဖြည်းများလာပါတယ်။ ဘေးက စားပွဲက ရဲအရာရှိတချို့ကိုမေးပေမယ့် ကိုဇော်ဝင်းတယောက် တခြားတာဝန်နဲ့ အလုပ်များနေတယ် ညနေလောက်မှ ဒီစားပွဲကိုပြန်လာနိုင်မယ်ထင်တယ် လို့ပြောပါတယ်။ ဘာတခုမှ ရေရေရာရာ ပြောနိုင်တဲ့သူမရှိပါဘူး။
ကျနော်နဲ့အတူ ထိုင်စောင့်နေတဲ့ ဘလက်ခ်လစ်စ် တရုတ်မကြီးဟာ စိတ်မရှည်နိုင်တော့ပဲ၊ ထ ပြီး တရုံးလုံးပတ် ရဲအုပ်ကိုဇော်ဝင်းကို ရှာပုံတော်ဖွင့်ပါလေတော့တယ်။ လဘက်ရည်ဆိုင်ထိုင်နေတယ် အောင်မေ့လို့ဆိုပဲ။ သူ့ကြည့်ရတာ မြန်မာရုံးရည်အတော်ဝ ဟန်တူလေရဲ့။ခနအကြာမှာတော့ ပြန်လာပြီး“ဟုတ်တယ် ဟုတ်တယ် ကိုဇော်ဝင်း မှာ လူတွေကို အုံခဲနေတာပဲ လက်မှတ်တွေထိုးပေးနေရတယ်” လို့ပြန်ပြောပါတယ်။ ကျနော်ကတော့ရှေ့ ၂ ရက် ၃ ရက်လောက် ကိုဇော်ဝင်းကိုအကဲခတ်ပြီးသားမို့ သူတာဝန်ချိန်မှာ ဒီလိုလုပ်လိမ့်မယ် လို့မထင်ထားခဲ့ပါဘူး။ဒီလိုနဲ့ စောင့်သူတွေ ဆက်စောင့်ကြ၊ ပြန်သူတွေပြန်ကြနဲ့။
စောင့်သူတွေအချင်းချင်း မြန်မာပီပီ စကားတွေလက်ဆုံကျကြသပေါ့ဗျာ။ တ၀ါးဝါး တဟားဟားနဲ့၊ သူကဖြင့်ဘယ်လို ဘလက်ခ်လစ်စ်၊ ငါကဖြင့် ဘယ်လို ဘလက်ခ်လစ်စ်နဲ့..။ ဘလက်ခ်လစ်စ် ဋီကာတွေကလည်း စုံပါ့။နောက်ဆုံး ၀ိုင်းက စည်ကားလွန်းလို့ ဘေးစားပွဲတွေက ရဲအရာရှိတွေကတောင်“ အင်း ကိုဇော်ဝင်းရဲ့ ဘလက်ခ်လစ်စ်တွေ သူတို့အချင်းချင်းတောင် မိတ်ဆွေတွေဖြစ် ပြောဆိုရယ်မောနေကြပါလား” တဲ့။ ဟားဟား ကျနော်တို့မြန်မာတွေက အဲဒီလိုမျိုးပါပဲ၊ စိတ်ညစ်စရာရှိလည်း ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့လေ။
တကယ်ဆို ကျနော်တို့အားလုံး ဘလက်ခ်လစ်စ် နာမည်ပျက်စာရင်းသွင်းခံရလို့၊ အဆင်မပြေဖြစ်နေကြတဲ့အချိန်လေ..။ ဒါပေမယ့်လည်း ထုသားပေသား ကျကြပုံများ ရယ်လိုက်မောလိုက်နဲ့။ ရိုးနေပြီ လို့ပြောရမှာပါပဲ။ဒီလိုနဲ့ညနေစောင်းလောက်ကျတော့ အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ဇာတ်လိုက်ကျော် ကိုဇော်ဝင်းရောက်လာလေရဲ့။ ထုံးစံအတိုင်း ပြုံးပြုံးပြုံးပြုံးနဲ့။ ကျနော့်ဗျာ ထမင်းတောင် မစားရသေးပါဘူးတဲ့။ ဒီတော့ မြန်မာများပီပီ၊ ထမင်းအရင်စားဖို့တိုက်တွန်းကြလေရဲ့။ အဲဒီမှာ ဘလက် ခ်လစ်စ် တရုတ်မကြီးက တစခန်းထပါတော့တယ်။

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၃
Power to the people.
ပတ်စ်ပို့ရုံး ဂိတ်ဝမှာ လူတွေဟာ အုန်းအုန်းကြွက်ကြွက် ပြည့်လို့။ တချို့ကပြန်သွားကြရတယ်။ အိမ်ထောင်စုစာရင်းမပါလို့။ အရင်နေ့တွေက မှတ်ပုံတင်ပြပြီး ၀င်လို့ရတာပဲမလား ခုဘာဖြစ်လို့ အိမ်ထောင်စုစာရင်းကိုပါတောင်းရတာလဲ နဲ့တချို့တွေက ကွန်ပလိန်းတွေတက်ကြတယ်။
ဒါပေမယ့် မငိုမရီ(ရယ်) ရှုတည်တည် ရဲတွေက ခေါင်းတခါခါနဲ့ ၀င်လို့မရကြောင်းသာ တွင်တွင်ပြောကြလေရဲ့။အထဲမှာ ကြိုးတန်းတွေနဲ့ လူတွေကို အတန်းလိုက်တန်းလို့။ တနေရာမှာတော့ ရဲ ၂ ယောက် က အိမ်ထောင်စုစာရင်းနဲ့သာ ပြန်လွှတ်ဖို့ပြောနေကြလေရဲ့။ သဘောကတော့လူများလွန်းလို့ ခါတဲ့သဘောပေါ့လေ။ ဒီလိုနဲ့ တရွေ့ရွေ့ အထဲဝင်လာတဲ့အခါမှာ စားပွဲတလုံးနဲ့ မှတ်ပုံတင်တွေကို စကန်ဖတ်၊ လူတွေကို သတ်မှတ်ထားတဲ့ စက်ဝိုင်းထဲ ရပ်ခိုင်းပြီး မျက်နှာကိုကင်မရာနဲ့ရိုက်ခံရပြီး ၀င်ရပါတယ်လေ..။ ကောင်တာသုံးခု၊ ယောက်ျားလေးတွေအတွက် ၂ ခု၊ မိန်းကလေးများအတွက် ၁ ခုသီးသန့်။ ဒီလိုနဲ့ မေးရင်းမြန်းရင်း အမှုစစ်အခန်းကို ပတ်ကာကွေ့ကာရောက်တော့၊ အမှုစစ်အရာရှိက အရင်တွေ့ဖူးတဲ့သူမဟုတ်တော့ပဲ
နှစ်ပွင့်နဲ့ရဲအုပ်အသစ်တယောက်ဖြစ်နေပါတယ်။
ရင်ဘတ်က သူ့နာမည်ကို ဖတ်ကြည့်လိုက်တော့ ဇော်ဝင်း တဲ့။ ကျနော့်စလစ်ကလေးကို ပြလိုက်တော့ ရဲအုပ်ကိုဇော်ဝင်းက နောက်တပတ်လောက်နေမှ ပြန်လာဖို့ ပြောပြန်ပါတယ်။သူတို့ချင်းသာ နားလည်တဲ့အမှတ်အသားတွေအရ ကျနော်ဟာ နိုင်ငံရေးမှုနဲ့ဘလက်ခ်လစ်စ်ဖြစ်တယ်ဆိုတာကိုတော့သူသိနေပါတယ်။
ဆံပင်အရှည်နဲ့ ဘောင်းဘီနဲ့ကျနော့်ကိုခြေဆုံးခေါင်းဆုံး ကြည့်ပြီး သူတို့ကို လူကြီးများက အကြမ်းဖက်သမားတွေ၊ ဖေါက်ခွဲဖျက်ဆီးရေးသမားတွေကလွဲရင် ဘယ်လိုကိစ္စများကိုမဆို ချထားပေးဖို့မှာထားကြောင်းရှင်းပြပါတယ်။ ကျနော်ကလည်း သူကျနော့်ကိုကြည့်ပြီး အကြမ်းဖက်သမားများထင်သွားသလား ဆိုပြီးရယ်ချင်သွားပါတယ်။ အင်း .ရုပ်ရှင်တွေထဲမှာတော့ လူကြမ်းတွေက ဆံပင်တရှည်ရှည်နဲ့ကိုး။နောက်ဆုံးတော့ ညနေစောင်းထိ ထိုင်စောင့်ပြီး သူ့ကို ကျနော်က စာရေးဆရာ ဒါရိုက်တာပါ။ ဒီလို ပရိုဂရမ်တခုတက်ဖို့ ရှိလို့ပါ ၊ သြဂုတ်လထဲမှာ သွားရမှာဖြစ်တယ်၊ ဒီ့အတွက် အမြန်လိုပါတယ် လို့ပြောပြပါတယ်။ သူက ၂၀၀၆ ဆိုတော့ ကြာနေပြီ လို့စဉ်းစားပြီး နောက် ၃ ၄ ရက်အကြာမှာ ထပ်ဖုန်းဆက်ဖို့ ချိန်းလိုက်ပါတယ်။ ဒါမျိုးရှေ့မှာ ကြုံခဲ့ဖူးပြီးသား ကျနော့်အဖို့ အားလျော့လျော့စိတ်ပျက်ပျက်နဲ့သာ ပြန်လာခဲ့ရပါတော့တယ်။ နောက် ၃ ၄ရက်အကြာမှာ ကျနော်ဖုန်းဆက်တော့ ရှေ့လူတွေလိုပဲ သူလည်း ဘာမှ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ရှေ့လူတွေနဲ့မတူတာ က သူ့အသံက အားနာတဲ့အသံပါ။ ကျနော်အရမ်းအလုပ်တွေများလို့ မေ့သွားပါတယ်။ သန်ဘက်ခါလောက်ထပ်ဆက်ပါလား။ လို့ ပြောပါတယ်။

အိုင်ဒဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ - ၂
ပတ်စ်ပို့ နဲ့ အိုင်ဒဗလျူပီ လျှောက်လွှာ
အိုင်ဒဗလျူပီ ကို လျှောက်ပြီးတာနဲ့ ကျနော်အရင်ဆုံးလုပ်ရတဲ့ အလုပ်က ပတ်စ်ပို့လျှောက်ရတဲ့အလုပ်ပါ။ ကျနော့်မှာ ဘယ်တုန်းကမှပတ်စ်ပို့မရှိခဲ့ဖူးပါဘူး။ သြဂုတ်လသွားရမယ့်ခရီးအတွက် အရမ်းကို စောသေးတဲ့ ဧပြီလကုန်မေလကတည်းက ကျနော်ပတ်စ်ပို့သွားလျှောက်ပါတယ်။ ပန်းဆိုးတန်းက လူတွေကြိတ်ကြိတ်တိုးနေတဲ့ ရုံးကြီးမှာ တိုးဝှေ့ပြီး သွားလျှောက်ရတယ်။ ဒီ့အရင် ၂၀၀၆ ခုနှစ် က
တကြိမ်လျှောက်ခဲ့ပါတယ်။ Black list ဖြစ်ပြီး အပယ်ခဲ့ရတဲ့အတွက် B.L လို့ ရေးထားတဲ့ စလစ်စာရွက်လေးကလွဲလို့ ပတ်စ်ပို့ဆိုတာ
မြင်တောင်မမြင်ခဲ့ရပါဘူး။ ပတ်စ်ပို့လျှောက်တဲ့အခါမှာ အရင်ရဖူးတယ်၊ မရဖူးဘူး၊ လျှောက်ဖူးတယ်၊ မလျှောက်ဖူးဘူး စသဖြင့် ရာဇ၀င်စုံလင်မှန်ကန်မှ ကျနိုင်တယ်
လို့သိထားတဲ့အတွက် အဲဒီ ဘလက်ခ်လစ်စလစ်လေးကို ကိုင်ပြီး ကျနော်လာခဲ့ပါတယ်။ ဟိုးအပေါ်ဆုံးထပ်က အမှုစစ်အရာရှိကိုပြလိုက်
တဲ့အခါမှာ ကျနော့် စလစ်ကို သူကြည့်ပြီး စိတ်ပျက်သွားဟန်တူပါတယ်။ ၂၀၀၆ ကိုး။ ခု ၂၀၁၁ ဆိုတော့ ၅ နှစ်တောင်ကြာခြဲ့ပီ။စလစ်ကိုထားခဲ့လို့သာပြောပြီး နောက် ၂ပတ်ခွာချိန်းပါတယ်။ ဒီလိုနဲ့ ၂ ပတ်ကြာလို့သွားတဲ့အခါမှာ မရှာရသေးဘူး ၂၀၀၆ ဆိုတော့ အရမ်းကြာသွားပြီဖြစ်တဲ့အတွက် ရှာရအရမ်းခက်တယ်လို့ပြောပါတယ်။ နောက် ၁ ပတ်ချိန်းလိုက်ပြန်ပါရော..။

အိုင်ဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ ၁
အိုင်ဒဗလျူပီ IWP ကို သိနေခဲ့တာ ကြာပါပြီ။ ဆရာဦးမိုးဟိန်း(သားဂျာနယ်ကျော်)၊ ဆရာမ မသီတာ စမ်းချောင်း၊ ခက်မာ၊
ကဗျာဆရာ မင်းထက်မောင် ကိုယ့်ရှေ့က သွားခဲ့ဖူးတဲ့သူတွေကတဆင့် ကြားဖူးခဲ့တာပါ။
ဒါပေမယ့် ကိုယ်နဲ့ဘာမှ မဆိုင်လောက်ဘူးလို့ ဖါသိဖါသာပဲနေခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်မှာပတ်စ်ပို့လည်းမရှိ၊
နိုင်ငံခြားရေခြားမြေခြားဆို ဘန်ကောက်လောက်မပြောနဲ့ ဘူးသီးတောင်မောင်းတောက ဟိုဘက်ကိုပဲဖြစ်ဖြစ်၊ မူဆယ် ကြယ်ဂေါင်ဘက်ပဲဖြစ်ဖြစ်လည်း မရောက်ဖူးဘူးလေ။
အဲဒီလောက်ခရီးတောင် ပိုက်ဆံတွေ အများကြီးကုန်မှာဆိုတဲ့ အသိနဲ့ သိပ်မသွားဖြစ်ဘူး။
ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ကိုသုံးလိုက်တဲ့အခါမှာ တကမ္ဘာလုံးက စာဖတ်သူတွေနဲ့ ထိတွေ့ခွင့်ရသလို၊ ကျနော့်ဇာတ်ကားတွေကို မကြည့်ဖူးပေမယ့်၊ ကျနော့်စာတွေကိုမဖတ်ဖူးပေမယ့် ကျနော့်ဖေ့စ်ဘွတ်ခ်နဲ့ပဲ ခင်လာရတဲ့မိတ်ဆွေတွေက ကမ္ဘာကြီးတခုလုံးဟိုကသည်ကများလာရတယ်။
အဲဒီဖေ့စ်ဘွတ်ခ်နဲ့ပဲ ဝေးနေရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဆက်သွယ်မိပြန်ရော။ အမကြီးမမေငြိမ်း၊ခက်မာ၊ ဒတ္ထ..စသဖြင့်ပေါ့ဗျာ။

အိပ်မက်တွေ နဲ့ လျှောက်ခဲ့တယ် - ၃
အိပ်မက်တွေနဲ့ လျှောက်ခဲ့တယ် (၃)
by Cho Tu Zal on Friday, September 23, 2011 at 4:18am ·
အမေရိက ၏ အသည်းနှလုံးဆီသို့. . .
ကိုမင်းထက်မောင်ပြောသလိုပဲ လေဆိပ်တွေမှာ မျက်စိမလည်ဖို့အရေးကြီးတယ်ဆိုတဲ့အတိုင်း ရန်ကုန်မှာကတည်းက မင်္ဂလာဒုံလေဆိပ်မှာကတည်းက ချာချာလည်မယ့်ကိန်းပါဗျာ။ ကျနော်က ပြည်တွင်းခရီးတွေတောင် လေယာဉ်စီးနေကျမှ မဟုတ်တာ။ တကယ်တမ်းကျတော့ သွားသာသွားရတယ် ကျနော်က ဘာမှသိပ်လည်းမပြင်ဆင်ခဲ့သလို၊ ဘာမှလည်းစိတ်သိပ်မလှုပ်ရှားမိဘူးဗျ။ ပြောရရင်သွားနေလာနေကျကောင်ကျ နေတာပဲ။
လေယာဉ်ကွင်းကို ဆင်းခါနီးမှာ သတိရနေတာက ညီရိုင်းကို ပိုက်ဆံပေးဖို့ ရှိသေးတာနဲ့ သူ့ကိုစာအုပ်လက်ဆောင်ပေးချင်တာပဲ၊ဒါနဲ့ သူ့ကိုဖုန်းဆက်ပြီး ငါလေယာဉ်ကွင်းဆင်းရင် မင်းဆီဝင်ခဲ့မယ် လို့ပြောထားလိုက်တယ်။
မနက်သွားခါနီးတော့ အိမ်မှာ အမေနဲ့ နာ့စ်မလေးပဲ ရှိပါတယ်။ အမနဲ့သားက ကျောင်းအသီးသီးသွားကြပြီ။ လိုက်ပို့မယ်ဆိုတာကိုလည်းကျနော်က ဘာလို့လိုက်ပို့မှာလဲလို့မေးခဲ့ပါတယ်။ သားက စာမေးပွဲဖြေနေရတယ်။ အမေ့ကိုကန်တော့ပြီး အိတ်လေးဆွဲထွက်လာခဲ့တယ်။ကြည့်စမ်း ပြန်လာခွင့်သာမရရင် ငါ့ရဲ့ပြည်တော်ခွာခန်း၊ ထွက်တော်မူခန်းက ခြောက်သွေ့ပြီး ရိုမန့်တစ်မဆန်လိုက်တာလေ..ပေါ့။ဒါပေမယ့် ကျနော့်ကိုယ်ကျနော်သိနေတယ်။ ကျနော်ဟာ မြန်မာပြည်ကို ရူးရူးမူးမူးချစ်တဲ့ စိတ် နဲ့ပြန်လာမှာ...။<br />
ကားငှားရှစ်မိုင်က ညီရိုင်းအိမ်ကိုအရင်ဝင် ပြီးမှ လေယာဉ်ကွင်းကိုဆင်းမယ်။ ညီရိုင်းဆီရောက်တော့ ကားပေါ်က ခဏဆင်း သူ့ကိုပေးစရာပိုက်ဆံကိုပေး၊ စာအုပ်လေး လက်ဆောင်ပေး။ ညီရိုင်းက ကျနော်ကားပေါ်ပြန်တက်တဲ့အခါမှာ လှမ်းအော်လိုက်တယ်။
“ ဟေ့ကောင် ပြန်မလာနဲ့...နော်” တဲ့ ။

အိပ်မက်တွေ နဲ့ လျှောက်ခဲ့တယ် - ၂
ပြန်လာမယ် . . .မေမေ . . .
ပတ်စ်ပို့မရှိတဲ့ ကျနော့်အဖို့ နိုင်ငံခြားခရီးဆိုလို့ နီးနီးနားနား ထိုင်းလိုနိုင်ငံမျိုးတောင် မရောက်ဖူးဘူးလေ။ ဒီလို ဘာအတွေ့အကြုံမှ မရှိတဲ့ လူက အမေရိကားကို သွားရတော့ အတော့်ကို စွန့်စားခန်းပါပဲဗျာ။ သွားနေလာနေကျသူတွေဖြစ်တဲ့ ကိုမင်းထင်ကိုကိုကြီးတို့၊ ကိုမင်းထက်မောင် တို့ဆီမှာ ဆည်းပူရတယ်။
“ ခင်ဗျား ဘာဖြစ်ဖြစ် မေးဖို့ဝန်မလေးနဲ့ဗျာ..တွေ့တဲ့သူကို သာမေး..ဟိုမှာ လေဆိပ်ကြီးတွေက အကျယ်ကြီးတွေဗျ တနေရာကနေ တနေရာကို ကူးတာကိုက မလွယ်ဘူး ”
ကိုမင်းထက်မောင် ကို ချိန်း သူက အိုင်ဒဗလျူပီ ပြန်ဆိုတော့၊ အတွေ့အကြုံတွေကိုလည်း မေးရပါသဗျာ။ သူက တနေကုန်တနေခန်း ရှင်းပြပါတယ်။ ဆိုးတာက ကျနော်က အင်္ဂလိပ်စာ သိပ်ပြီး ပြောလေ့ပြောထ၊ ရေးလေ့ရေးထ မရှိတာပါပဲ။ ဒါပေမယ့် ကျနော်က အင်မတန်မှ ရဲတင်းတဲ့ကောင်ပါ။ ဒါရိုက်တာအလုပ်ကိုလည်း ဘာသင်တန်းမှမတက်၊ ဘယ်သူ့ဆီမှာမှ မသင်ခဲ့ပဲ ရိုက်ခဲ့သလို၊ အင်္ဂလိပ်စာကို ကျောင်းက ထွက်လာတဲ့နောက်ပိုင်း ဗီဒီယိုခွေတွေကို ကြည့်ပြီးသင်၊ ၀တ္ထုတွေဖတ်ပြီး သင် နဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သင်ခဲ့တယ်။ ဒီတော့ ကျနော်ရေးတဲ့ အင်္ဂလိပ်စာဟာ ဗလွတ်ရွှတ်တနိုင်တယ်။ တကယ့် ကျမ်းနဲ့ဂန်နဲ့သင်ထားတဲ့ ဂရမ်မာမှ ဂရမ်မာဆိုတဲ့သူတွေ အင်မတန်မျက်စိကလောတယ်။ ကျနော်က ၀တ္ထုစာအုပ်တွေနဲ့သင်ခဲ့တာလေ..။ အဲဒီလိုကောင် နိုင်ငံခြားသွားမယ် ဆိုတော့ မိတ်ဆွေတွေ ၀ိုင်းပူကြပန်ကြတာ မဆန်းပါဘူးလေ..။ မသွားခင်တရက်အလိုမှာ ကိုမင်းထင်ကိုကိုကြီး၊ ကိုမင်းထက်မောင်၊ ကိုတိုးကြီး(တိုးကျော်လှိုင်)တို့နဲ့ နှုတ်ဆက်ပွဲလေးလုပ်ကြတယ်။ သူတို့ကြိုက်တဲ့အရည်တွေ တိုက်မယ် လို့ကျနော်ပြောထားတာ ကြာပေါ့။ ဒီသူငယ်ချင်းတွေဟာ ကျနော့်ထက်ကြီးကြတယ်။ ကျနော့်အပေါ်မှာလည်း ကောင်းလှတယ်။ အတော်အတန် အရှိန်ရလာတော့ ကိုမင်းထင်ကိုကိုကြီးက ထအော်တယ်။
“ ဟေ့လူ ခင်ဗျား ပြန်လာရမယ်..ခင်ဗျားကို မြန်မာပြည်က အလိုရှိတယ်” တဲ့။
ကျနော်က သူ့ပြောပုံကို ရယ်ချင်မိသွားတယ်။

အိပ်မက်တွေနဲ့ လျှောက်ခဲ့တယ်
ကြွေးပတ်လည် ၀ိုင်းသော ဗီဇာ
ကျနော်ဗီဇာ ကိစ္စ အမေရိကန်သံရုံးကို ဖုန်းဆက်မေးတော့ တာဝန်ခံဖြေတဲ့အမျိုးသမီးက ဗီဇာအင်တာဗျူးဒိတ်တွေ ၃၀ ရက်နေ့ထိပြည့်သွားပြီ လို့ပြောပါတယ်။ ကျနော်က ကျနော့် အိုင်ဒဗလျူပီ အစီအစဉ်က ၂၈ ရက်နေ့စမှာဖြစ်တဲ့အကြောင်း၊ ၂၇ ရက်နေ့အရောက်သွားရမှာ လို့ ပြောတော့ အွန်လိုင်းဗီဇာ အရင်လျှောက်ဖို့ပြောပါတယ်။ ဒါနဲ့အွန်လိုင်းက ဗီဇာလျှောက်တဲ့အလုပ်ကိုလုပ်ရပါတော့တယ်။ သွားနေလာနေကျ အတွေ့အကြုံရှိတဲ့သူတွေအတွက် ဒါတွေဟာ ထမင်းစားရေသောက်လွယ်ကူတဲ့အလုပ်တွေဖြစ်ပေမယ့် ကျနော်တို့လို အတွေ့အကြုံလုံးလုံးလျားလျား မရှိတဲ့သူတွေအတွက်တော့ ဘယ်က စ လို့၊ ဘယ်လို ဆုံး ရမှန်းမသိတာတွေချည်းပါ။ပြဿနာတွေ အမျိုးမျိုး၊ သူတို့ကလည်းအင်မတန်မှ ဂျီးများကန့်သတ်တဲ့ အရာတွေ။ ဗီဇာနဲ့ပါတ်သက်ပြီး ဒေါင်းလုပ်လုပ်တဲ့အခါမှာတောင် လေဆာပရင်တာနဲ့မှ..ဆိုတာ ရှိသေး။ တော်သေးတာပေါ့ ကျနော့်ပရင်တာလေးက အိပ်ခ်ျပီလေဆာပရင်တာလေးဖြစ်နေပေလို့။
ဗီဇာဖြည့်တဲ့အခါမှာ နားမလည်တာတွေကလည်းအများကြီး။ နော်ဝေမှာနေနေတဲ့ ကျနော့် မိတ်ဆွေတယောက်ကို လှမ်းလှမ်းမေးရပါတယ်။ သူက အဲဒီမှာ အိုင်တီအင်္ဂျနီယာအနေနဲ့ ရောက်နေတာပါ။ ကျနော်နဲ့ဖေ့စ်ဘွတ်ခ် က တဆင့်သိကျွမ်းခင်မင်ပြီး၊ ရန်ကုန်ကိုလာတုန်းခဏလည်း တွေ့ကြဆုံကြ စကားတွေပြောဖြစ်ရင်း လေပေးဖြောင်ခဲ့ကြက ဆက်ခင်မင်နေတာပါ။ ဖေ့စ်ဘွတ်ခ်က လူတိုင်းအတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒီလိုပြောရတာ မနေ့က သူငယ်ချင်းတယောက် က ဖေ့စ်ဘွတ်ခ်ကို မယုံကြည်ကြောင်း၊ ဖေ့စ်ဘွတ်ခ်က ပေါင်းသင်းတဲ့သူငယ်ချင်းကို မယုံကြည်ကြောင်း ခါးခါးသီးသီးပြောလို့ပါ။

Tuesday, February 21, 2012
Subscribe to:
Posts (Atom)