Friday, February 24, 2012

ပြည်ထောင်စု သင်္ချိုင်း

 by Cho Tu Zal on Friday, February 3, 2012 at 5:41pm


င့ါသဘောသာဆို
ကေအိုင်အေရဲဘော်လေးတယောက်ရဲ့ ရုပ်ကလပ်ကို
ကျဆုံးသွားလေတဲ့အညာသားတပ်မတော်အရာရှိလေးတယောက်ရဲ့
ဂူသင်္ချိုင်းနဲ့    ယှဉ်ပြီး  မြှုပ်မယ်

နံဘေးမှာ မွန်၊ ရခိုင်၊ ချင်း၊ ကရင်၊ ကယား
တိုင်းရင်းသားပေါင်းစုံ ရဲ့ အုတ်ဂူများနဲ့ ခြံရံလို့. . .
အုတ်ဂူအားလုံး
တူညီသော အရွယ်အစား
တူညီသော ပုံသဏ္ဍန်. . .

အို! ရဲဘော်တို့ . . .ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ အနားယူကြပါကုန်လော့
သင်တို့အားလုံးသည် ဤပြည်ထောင်စုကြီးအတွက် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများဖြစ်ကြလေသည်
တချို့ကား ပြည်ထောင်စုမပြိုကွဲရေးဟူ၍ တိုက်ပွဲဝင်ခဲ့ကြလေ၏
တချို့ကား တမ်းတူရည်မျှသော ပြည်ထောင်စုအတွက်ဟူ၍ တိုက်ပွဲဝင်ခဲ့ကြလေ၏
သင်တို့အားလုံး ယခုအခါတွင် ငြိမ်းချမ်း၍ တမ်းတူညီမျှသော ပြည်ထောင်စု ကို ရရှိကြလေပြီ

အဲ့ဒီသင်္ချိုင်းကို စစ်တိုက်ခိုင်း သူတွေ ခေါ်ပြ. .
.ရော့ အဲဒီမှာ ပြည်ထောင်စု
ခင်ဗျားတို့လိုချင်တဲ့
တည်ငြိမ်တဲ့     ဥမကွဲသိုက်မပျက်တဲ့     တမ်းတူရည်မျှတဲ့
ပြည်ထောင်စု. . .
စစ်တိုက်ပြီး ရယူထားတဲ့ ပြည်ထောင်စု. . .။          


ချိုတူးဇော်

1 comment:

  1. "ရှိရှိသမျှ အာရိယာန် ပြည်သူတရပ်လုံးရဲ့ အသက်ခန္ဓာတွေကို ပေးဆပ် ရမယ်ဆိုရင်ရော ဒီသက်မဲ့မြေကြီးဟာ ဒီ အာရိယာန်တွေရဲ့ သက်မဲ့ခန္ဓာတွေမြုပ်ဖို့ကလွဲလို့ ဘယ်နေရာမှာများ အသုံးဝင်ဦးမှာလည်း အမတ်ကြီး" - တရံရောခါ ဂင်္ဂါ စာအုပ်ထဲက ကုမာရဘုရင် ပြောခဲ့တဲ့ စကားကို ပြန်ဖတ်ကြည့်မိတယ် အကိုရေ..။

    ReplyDelete