Friday, February 24, 2012

ဇာတ်ပေါင်းသော်

 By Cho Tu Zal · Thursday, February 2, 2012

ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို သေချာတပုဒ်ချင်း ပြန်ဖတ်ကြည့်ကြစေချင်တယ်။ ဘုရား
အလောင်းဟာ သုမေဓါရသေ့ဘ၀ကနေ ဆုကြီးပန်ပြီး သံသရာမှာ ဘ၀အမျိုးမျိုး၊ သတ္တ၀ါ
အထွေထွေဖြစ်ခဲ့ရတယ်။ ဖြစ်လေရာဘ၀မှာ သူ့အမျိုးသားတွေရဲ့လွတ်မြောက်မှု
မှုအတွက် ကိုယ်ကျိုးမဖက်ပဲ စွန့်ခဲ့တဲ့ သူရဲကောင်းချည်းပဲ ဖြစ်ခဲ့တယ်။
အဲဒီကာလ ဘုရားအလောင်းကို ချီးမြှောက်ခဲ့တဲ့၊ အားပေးခဲ့တဲ့ ပရိတ်သတ်တွေဟာ၊
ဘုရားပွင့်လာတဲ့အခါမှာလည်း ဘုရားစစ်ဘုရားမှန်၊ တရားစစ်တရားမှန်ကို ဖူးရတွေ့ရ၊
နာရကြားရ၊ ကျွတ်ရလွတ်ရတဲ့ အဝေနေယျပရိတ်သတ်ဖြစ်လာတယ်။ အဲဒီကာလတလျှောက်
ဆန့်ကျင်ခဲ့၊ တိုက်ခိုက်ခဲ့၊ ရန်သတ္တရုပြုခဲ့ကြတဲ့ သူတွေကလည်း နောင်တချိန်ဒေ၀ဒတ်ရဲ့
တပည့်တွေ၊ မာရ်နတ်ရဲ့ဂိုဏ်းသားတွေချည်းပဲ ဖြစ်ကုန်ကြရပါတယ်။

တပုဒ်ချင်းစီမှာ “ဇာတ်ပေါင်းသော်. . .”လို့ ဘယ်သူကဖြင့် ဘုရား၊
ဘယ်သူကဖြင့် ပစ္စေကဗုဒ္ဓါလောင်း၊ ဘယ်သူကဖြင့် ရှင်သာရိပုတြာ၊
ဘယ်သူကဖြင့် ရှင်မဟာမောဂ္ဂလာန် ရယ်လို့ ဇာတ်လမ်းတိုင်းမှာ ထိုးလေရဲ့။

အန်တီစုနဲ့ ၈၈မျိုးဆက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ကလွတ်ကြတော့ ပြည်
သူလူထုအပေါင်း ပန်းတွေနံ့သာတွေနဲ့ တံခွန်တွေ၊ အလံတွေနဲ့ ကြိုဆိုကြ၊ ချီးမြှောက်ကြ
တာမြင်ရတော့ သြော် တို့ဘုရားဖြစ်စဉ်ထဲ အလောင်းတော်တွေလျှောက်ခဲ့တဲ့ ပါရမီလမ်း
ကို လှမ်းရင်ဖြင့် တကယ်ကို ဒိဋ္ဌဓမ္မအကျိုးပေးတယ်ဟ လို့ ပီတဖြစ်ရ၊ ၀မ်းမြောက်ရပါတယ်။

ဒီတဘ၀ အာဏာကြောင့်၊ စည်းစိမ်ကြောင့်၊ ကိုယ်ကျိုးအတ္တကြောင့် အမှန်ကို အမှားလုပ်
နေကြသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ၊ ရတနာသုံးပါးကိုလည်း အမှန်တကယ်ပဲကြည်ညို
ကိုးကွယ်ဆည်းကပ်ကြပါတယ် ဆိုရင်ဖြင့် ဆင်ခြင်ကြစေချင်ပါတယ်။
ကိုယ်လျှောက်နေတဲ့လမ်းဟာ ဘုရားလမ်းလား၊ ဒေ၀ဒတ်လမ်းလား ကွဲပြားကြဖို့လိုပါတယ်။

ချိုတူးဇော်

No comments:

Post a Comment