Wednesday, February 22, 2012

အိုင်ဗလျူပီ ပတ်စ်ပို့ရုံး နှင့် ဘလက်ခ်လစ်စ် မိတ်ဆွေများ ၁

အိုင်ဒဗလျူပီ IWP  ကို သိနေခဲ့တာ ကြာပါပြီ။ ဆရာဦးမိုးဟိန်း(သားဂျာနယ်ကျော်)၊ ဆရာမ မသီတာ စမ်းချောင်း၊ ခက်မာ၊
ကဗျာဆရာ မင်းထက်မောင် ကိုယ့်ရှေ့က သွားခဲ့ဖူးတဲ့သူတွေကတဆင့် ကြားဖူးခဲ့တာပါ။
ဒါပေမယ့် ကိုယ်နဲ့ဘာမှ မဆိုင်လောက်ဘူးလို့ ဖါသိဖါသာပဲနေခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်မှာပတ်စ်ပို့လည်းမရှိ၊
နိုင်ငံခြားရေခြားမြေခြားဆို ဘန်ကောက်လောက်မပြောနဲ့ ဘူးသီးတောင်မောင်းတောက ဟိုဘက်ကိုပဲဖြစ်ဖြစ်၊ မူဆယ် ကြယ်ဂေါင်ဘက်ပဲဖြစ်ဖြစ်လည်း မရောက်ဖူးဘူးလေ။
အဲဒီလောက်ခရီးတောင် ပိုက်ဆံတွေ အများကြီးကုန်မှာဆိုတဲ့ အသိနဲ့ သိပ်မသွားဖြစ်ဘူး။
ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ကိုသုံးလိုက်တဲ့အခါမှာ တကမ္ဘာလုံးက စာဖတ်သူတွေနဲ့ ထိတွေ့ခွင့်ရသလို၊ ကျနော့်ဇာတ်ကားတွေကို မကြည့်ဖူးပေမယ့်၊ ကျနော့်စာတွေကိုမဖတ်ဖူးပေမယ့် ကျနော့်ဖေ့စ်ဘွတ်ခ်နဲ့ပဲ ခင်လာရတဲ့မိတ်ဆွေတွေက ကမ္ဘာကြီးတခုလုံးဟိုကသည်ကများလာရတယ်။
အဲဒီဖေ့စ်ဘွတ်ခ်နဲ့ပဲ ဝေးနေရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဆက်သွယ်မိပြန်ရော။ အမကြီးမမေငြိမ်း၊ခက်မာ၊ ဒတ္ထ..စသဖြင့်ပေါ့ဗျာ။

ကျနော် က စာပေစိစစ်ရေးဖျက်သိမ်းပေးဖို့တောင်းဆိုပြီးနောက် ဘယ်မဂ္ဂဇင်း၊ ဘယ်ဂျာနယ်မှာမှ နိုင်ငံရေးဆောင်းပါး
ဆက်မရေးတော့ဘူး။ အလင်္ကာဝတ်ရည်မှာ ကျနော်၏ရုပ်ရှင် အခန်းဆက် ပဲ ရေးဖြစ်တယ်။ စာမရေးရမနေနိုင်တော့ ဖေ့စ်ဘွတ်ခ်မှာပဲ နေ့နေ့ညည ရေးခဲ့ပါတယ်။ တချို့ရက်တွေများ တရက်တည်း ၂ ပုဒ်၊ ၃ ပုဒ်။
ဒီလိုရေးလာရင်း တရက် သူငယ်ချင်းဖြစ်တဲ့ ခက်မာ က အိုင်ဒဗလျူအကြောင်း မိတ်ဆက်ပေးရင်း၊ လျှောက်ဖို့ပြောတယ်။
လျှောက်မှ ဆို လျှောက်ဘူးဗျာလို့ ပြန်ပြောလိုက်တော့၊ ဒတ္ထကြီးက စာတစောင်ပို့လေရဲ့။
သူငယ်ချင်း မင်း ကို တော်လွန်းတတ်လွန်းလို့ ခေါ်တာမဟုတ်ဘူး၊ အလုပ်လုပ်လောက်မယ် လို့ယူဆပြီးခေါ်တာ၊ ဖင်ယားမနေနဲ့၊ အလုပ်လုပ်ချင်စိတ်ရှိရင် လာခဲ့ တဲ့၊ ဟဲဟဲ။
ဒီတော့မှ စွေ့ခနဲလျှောက်လိုက်ပါတယ်။
ပြောရရင် ကျနော့်အင်္ဂလိပ်စာ က အကောင်းကြီးမဟုတ်သလို၊ ကျနော့်စာပေက ထိတ်တန်း လက်ရာလို့ ကိုယ့်ကိုယ်ကိုယ် မမြင်တဲ့အတွက်လည်း မလျှောက်ချင်တာပါ။ ဒါပေမယ့် အလုပ် ဆိုတာနဲ့ လုပ်ဖို့တော့ ၀န်မလေးပါဘူး။
ကိုယ့်တိုင်းပြည်အကြောင်းကို ပြန် ရှယ်ဖို့၊ သူတို့ဆီက သင်ယူပြီးရင် ကိုယ့်တိုင်းပြည်မှာ ပြန်ရှယ်ဖို့ကတော့ ကျနော်အသင့်ပါ
။ဒီလိုနဲ့ အိုင်ဒဗလျူပီ ကိုလျှောက်ဖြစ်တယ် ဆိုပါတော့ . . .။
IWP
အိုင်ဒဗလျူပီ ကို သိတဲ့သူ က သိကြပြီး၊ ဒီမှာ ရှိတဲ့ မိတ်ဆွေတော်တော်များများတောင် မသိကြပါဘူး။ ကျနော့်ကို ဖုန်းဆက်တဲ့အခါ ဆရာကျောင်းချိန်ဘယ်တော့လဲ၊ ကျောင်းတက်နေတာ စသဖြင့်မြင်ကြ၊ ပြောကြတယ်။ တကယ်တော့ အိုင်ဒဗလျူပီ က သင်တန်းမဟုတ်ဘူး၊ cultural exchange program လို့ခေါ်ရမယ်။ ယဉ်ကျေးမှုဖလှယ်တဲ့ အစီအစဉ်လေးတခုပါ။ နိုင်ငံတကာက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ရုပ်ရှင်သမား(အနည်းငယ်) ဒီအစီအစဉ်မှာ ဖိတ်ကြားခံရတယ်။ နှစ်စဉ် ၃၅ ကနေ ၄၀ အတွင်း ဖိတ်တယ်။ အားလုံးအတွက် နေစရိတ်၊ စားစရိတ်စီစဉ်ပေးတယ်။ ပြီးရင် စာဖတ်တာ၊ ဆွေးနွေးတာ၊ စသဖြင့် အစီစဉ်လေးတွေကို လုပ်ရတယ်။အဲဒီအစီအစဉ်မှာ သူတို့တက္ကသိုလ်က ကျောင်းသားတွေက တက်ပြီး ပြန်လှန်ဆွေးနွေးလေ့လာကြတယ်။ အိုင်ဒဗလျူပီက စာရေးဆရာတွေကို လည်ပတ်စရာတွေကို လိုက်ပို့ပေးတယ်။ နောက် ရုပ်ရှင်ဇာတ်ကားတွေနဲ့ပါတ်သက်ပြီးတော့ ဆွေးနွေးကြတယ်။ ဒါက လူတိုင်းမဟုတ်ပေမယ့် ရုပ်ရှင်သမားတွေက သူတို့ရိုက်တာ သူတို့ပြပြီးဆွေးနွေးကြသလို၊ တချို့စာရေးဆရာတွေကလည်း သူတို့တိုင်းပြည်က ယူလာတဲ့ဇာတ်ကားတွေပြတယ်။ တချို့ကလည်း သူသိပ်ကြိုက်တဲ့ ဇာတ်ကားတွေပြတယ်။ အဲဒါတွေပြောလို့ တကယ့်ဖေါ်မယ်လ် formal ပုံစံ အစီအစဉ်ကြီးလို့ထင်ရင် မှားမယ်နော်။ တကယ့်ကို ဖရီးဗျ။ သိတဲ့အတိုင်း စာရေးဆရာတွေ၊ ကဗျာဆရာတွေဆိုတာ. နေချင်သလိုနေကြတဲ့သူတွေမလား။ သံတမန်တွေ၊ လုပ်ငန်းရှင်တွေ၊ အကယ်ဒမစ်တွေလို မဟုတ်ဘူးလေ။ တကယ့်ကိုပေါ့ပေါ့ပါးပါးပဲ။ အသောက်အစားတွေကလည်း ဇော်တွေချည်းပဲ။ ၁ ရက် ၂ ရက်တွင်းမှာပဲ လုံးထွေးသွားကြတယ်။ ဒီနှစ် ပရိုဂရမ်မှာ..စုစုပေါင်း ၃၇ ယောက်ကို ဖိတ်ကြားထားခဲ့ပြီး ၂ ယောက်မလာနိုင်ဘူး။ ဒီလူတွေ စာရင်းလေးက
၁။ Ajit Baral နီပေါနိုင်ငံ
၂။ Kevin Bloom တောင်အာဖရိက လူဖြူအမျိုးသား
၃။ Maria Cristoff အာဂျင်တီးနား - အမျိုးသမီး
၎။ Naseer Hassan အီရတ် ( သူခုထိ ရောက်မလာနိုင်သေးဘူး)
၅။ Lynley Hood နယူးဇီလန် -အမျိုးသမီး အသက်တော်တော်ကြီးပြီး ၆၈ လို့ပြောတယ်
၆။ Iman Humaydan လက်ဘနွန်(မတွေ့သေးဘူး)
၇။ Fabienne Kanor ပြင်သစ် -ဘလက်ခ်အမျိုးသမီး  ရှော့စတိုရီ ဖလင် မိတ်ကာ
၈။ Oonya Kempadoo ဂရင်းနားဒါး -အမျိုးသမီး ကာရီဘီယန်ကျွန်းနိုင်ငံက၊ သူတို့က အိန္ဒိယန်းနဲ့အာဖရိကစပ်ထားတာ၊ ညိုညိုမြင့်မြင့်ချောတယ်။ သူ့ကိုချောတယ်ပြောတော့ တကမ္ဘာလုံး မ တို့ထုံးစံ သဘောကျမဆုံးဖြစ်လေရဲ့။
၉။ Lee Hye-Kyong တောင်ကိုရီးယား  -အမျိုးသမီး
၁၀။ Dory Manor အစ္စရေး (မတွေ့မိဘူး)
၁၁။ Mei Shen'you တရုတ်- အမျိုးသမီး
၁၂။ Kgebetli Moele တောင်အာဖရိက လူမည်းအမျိုးသား
၁၃။ Jamyang Norbu တိဘက် - (သူလည်း ရောက်မလာသေးဘူး၊ စိတ်ဝင်စားပြီး စကားပြောဖို့စောင့်နေတာ မတွေ့ရ)
၁၄။ Milena Oda ဂျာမနီ - အမျိုးသမီး
၁၅။ Park Chan Soon  တောင်ကိုရီးယား ၆၀ ကျော် အမျိုးသမီးကြီး
၁၇။ Tommi Parko ဖင်လန် ၁၈။ Alexandra Petrova အီတလီ ရုရှားအမျိုးသမီး
၁၉။ Phan Hon Nhien ဗီယက်နမ် အမျိုးသမီး
၂၀။ Ogochukwu Promise နိုက်ဂျီးယီးရား အမျိုးသမီး
၂၁။ Pilar Quitana ကိုလမ္ဘီယာ အမ်ိဳးသမီး
၂၂။ Usha K.R အိႏၵိယ အမ်ိဳးသမီးႀကီး
၂၃။ Nell Regan အိုင်ယာလန် အမျိုးသမီးကြီး
၂၄။ Eugenia Rico စပိန် အမျိုးသမီး
၂၅။ Moshe Sakal အစ္စရေး
၂၆။ Bina Shah ပါကစ္စတန် အမျိုးသမီး သိပ်ထက် သိပ်သွက်တယ်။ အမေရိကားမှာ ကျောင်းတက်ခဲ့တာကိုး၊ ၁၆ ကြိမ်မြောက်တဲ့။

၂၇။ Hind Shoufani ဂျော်ဒန် ဒါပေမယ့် ပါလက်စတိုင်းအမျိုးသမီး၊ စာရေးတယ်၊ ရှော့စတိုရီ ဖလင်မိတ်ကာ၊ လန်ပျံနေတယ်။
၂၈။ Zoe Strachan စကော့တလန် (မတွေ့သေးဘူး)

၂၉။ Su Wei-Chen တိုင်ဝမ် အမျိုးသမီး
၃၀။ Francisco Suniaga ဗင်နီဇွဲလား စာရေးဆရာကြီး

၃၁။ Jeremy Tiang စင်္ကာပူ စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ အက်တာ
၃၂။ Joel Toledo  ဖိလစ်ပိုင်ကဗျာဆရာ။ မင်းတို့ခေါင်းဆောင်(ဂျိုဆေရီဇော်)ကို ငါအရမ်းကြိုက်တာဆိုပြီး ဂျိုဇေရီဇော်အကြောင်း သေခါနီး ကိုယ်တပတ်လှည့်ပြီးသေတဲ့အကြောင်းပြောပြလို့ အဲဒီ အကြောင်းရေးထားတဲ့ ကဗျာတပုဒ်ဖတ်ပြတယ်။ ရယ်ဒီ၊ အသင့်ပြင်၊ ပစ်..ဆိုတဲ့ခေါင်းစဉ်နဲ့ ခုလောလောဆယ် ကျနော့်ဖေ့စ်ဘွတ်ခ်မှာ အင်္ဂလိပ်ကဗျာတွေ ရေးရေးပြီးတင်နေတာသူပါ။
ဒီရောက်ပြီးမှ ကဗျာ ၂ ပုဒ်ပြီးပြီတဲ့။
၃၃။ Dorothey Tse ဟောင်ကောင်က မဂ္ဂဇင်းအယ်ဒီတာ အမျိုးသမီး။
၃၄။ Marvin Victor ဟေတီကလာတဲ့ စာရေးဆရာ ဒါရိုက်တာ

၃၅။ Louise Welsh  စကော့တလန် ကလာတဲ့ စာရေးဆရာ (မတွေ့သေးဘူး)
၃၆။ ချိုတူးဇော်..မြန်မာပြည်က ငနဲ
၃၇။ Zheng Yueran တရုတ်ပြည်ကလာတဲ့ အမျိုးသမီး


.  . . .
ဆက်ပါမယ်..

ချစ်ခင်စွာ

ချိုတူးဇော်.

No comments:

Post a Comment